21.8.13

google device manager

google device manager ဆိုတာကတော့ apple drive တွေမှာပါတဲ့ find my iphone ပုံစံမျိုးဖြစ်ပြီး ဘယ်လိုအသုံးဝင်သလဲဆိုရင် ဖုန်းတစ်လုံးနဲ့တစ်လုံး/တပ်ဘလပ်ကနေဖုန်း/ ကွန်ပြူတာကနေမိမိဖုန်း တည်ရှိရာနေရာပြပေးမှာဖြစ်ပြီး မိဘတွေသားသမီးတွေရဲ့ဖုန်းကို စောင့်ကြည့်ချင်တာပဲဖြစ်ဖြစ် ချစ်သူနှစ်ဦးတစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်တာပဲဖြစ်ဖြစ် မိမိဖုန်းကိုတစ်စုံတစ်ဦး ယူသွားလို့ပဲဖြစ်ဖြစ် ဖုန်းတည်ရှိရာနေရာရှာဖွေပြီး အချက်ပေးနိုင်၊ဖုန်းထဲကဒေတာတွေ အဝေးကနေဖျက်ပြစ်နိုင်ပါတယ်။
လုပ်ပုံလုပ်နည်းကတော့ android 4.0 နဲ့အထက်ဖုန်းတွေမှာအများဆုံးမြင်တွေ့နိုင်ပြီး setting ထဲကနေပြင်ပေးလိုက်ရုံပါပဲ။
setting > security > device administrators > android device manager ကို activate နောက်ပြီး location services > google's location service ကိုအမှန်ခြစ်ပြီးရင်
google setting > android device manager > remotely locate this device ကိုအမှန်ခြစ်
ပြီးရင်တော့ မိမိဖုန်းမှာဝင်ထားတဲ့ google အကောင့်နဲ့ အခြားမည်သည့် drive ကနေမဆို လှမ်းချက်နိုင်ပြီဖြစ်ပါတယ်။contact ရပြီးမိမိဖုန်းတည်နေရာပြပြီဆိုရင် ring သံပေးတာနဲ့ erase ကြိုက်ရာလုပ်နိုင်ပါပြီ။ တစ်ခုသတိထားရမှာကတော့ မိမိအကောင့် password ကိုသိတဲ့ တစ်ယောက်ယောက် ကိုယ့်ဖုန်းထဲကဒေတာတွေဖျက်စီးသွားနိုင်တယ်ဆိုတာဂရုစိုက်ရပါမယ်။
ဒီနေရာကတော့ google လင့် နဲ့ device manager မရှိတဲ့သူတွေကတော့ ဒီမှာဒေါင်းယူပါ
မရှင်းလို့ပြန်မေးတာမျိုးတွေကြိုဆိုပါတယ်။
ဂျွန်ကိုလတ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...