တရုတ်နိုင်ငံမှ အမျိုးသမီးသုံးမတ်တပ်ရပ်အပေါ့ 
သွားအိမ်သာများ....
မကြာသေးမှီက တရုတ်နိုင်ငံ ရှန်စီပြည်နယ် တက္ကသိုလ်တစ်ခုတွင် အမျိုးသမီးများအနေနှင့် အမျိုးသားများကဲ့ သို့ မတ်တပ်ရပ်လျှက် အပေါ့ သွားနိုင်မည့် အိမ်သာအမျိုးအစားခြောက်ခု တပ်ဆင်
ခဲ့ ပါတယ်...
အစပထမမို့ ကျောင်းသူများအနေနှင့်ထိုကဲ့သို့  တစ်ခါမှအသုံးမပြုခဲ့ ဖူးသဖြင့် ရှက်ရွံ့ နေခဲ့ ကြပါ
တယ်...
အခုတော့ အများပြည်သူများသွားလာသည့် ဈေး၊ ကုန်တိုက်ကြီးများတွင်ပါ ထိုသို့ အမျိုးသမီးများ
မတ်တပ်ရပ်ကာ အပေါ့ သွားနိုင်မည့် အိမ်သာများတပ်ဆင်ထားနေပါပြီ...
အမျိုးသားအမျိုးသမီး ဘက်စုံသုံးပေါ့ ...
တံခါးတော့အသေအချာပိတ်ဖို့ လိုပါလိမ့် မယ်...
အဆိုပါ မတ်တပ်ရပ်အိမ်သာကြွေခွက်တွင် ရှန်စီတက္ကသိုလ်မှ ကျောင်းသူတိုင်းဤမတ်တပ်ရပ်အပေါ့ သွား
အိမ်သာကိုအသုံးပြုနိုင်ကြလျှင် ရေ ၁၆၀ တန် သက်သာသွားမှာဖြစ်ပါတယ်လို့ ကြေငြာစာတမ်းရေးထား
ပြီး အမျိုးသမီးများအသုံးပြုနေချိန်တွင် ကသိကအောင့် မဖြစ်စေရန် ပန်းရောင်ဆေးပန်းချီချယ်ထားသည့်
အကာအရံလေးများပြုလုပ်ထားပေးပါတယ်...
အပေါ့ သွားကြွေအိုးများဘေးတွင်တော့ အမျိုးသမီးများမတ်တပ်ရပ်ပြီးအပေါ့ သွားရာတွင်အသုံးပြုရမည့် 
ကတော့ လေးများထားပေးထားပါတယ်...
အဆိုပါ အမျိုးသမီးသုံးမတ်တပ်အပေါ့ သွားကြွေအိမ်သာများကို စမ်းသပ်အသုံးပြုရန် တက္ကသိုလ်ကျောင်းသူ
ခုနှစ်ဦးရောက်ရှိလာပါတယ်...
ယခုအတွေ့ အကြုံအသစ်ဟာ အလွန်စိတ်ဝင်စားဖို့ ကောင်းကြောင်း...ပါမောက္ခဖြစ်သူက ယခုကဲ့ သို့ သဘာ
အရင်းမြစ်တစ်ခုဖြစ်သည့် ရေခြွေတာခြင်းဟာ အလွန်အရေးကြီးကြောင်းရှင်းပြတာကိုနားထောင်ပြီးနောက်
ထိုကဲ့ သို့ မတ်တပ်ရပ်ပြီး အပေါ့ သွားဖို့ အားပေးတိုက်တွန်းခံရပြီး အိမ်သာထဲသို့ ဝင်သွားနောက် ဘာလုပ်
ရမှန်းမသိဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်...( လုပ်နေကျမဟုတ်တဲ့ ပါတ်ဝန်းကျင်အခြေအနေအသစ်နဲ့ မို့ ထူး
ဆန်းအံ့ သြသွားခဲ့ ရတာပါ...)
နောက်ကျောင်းသူတစ်ဦးကတော့ အထဲမှာ ၂ မိနစ်၊ ၃မိနစ်လောက်နေတာတောင် ဆီးကထွက်မလာနိုင်
ပါဘူးလို့ ရှက်ရှက်နဲ့ ပြောပြခဲ့ ပါတယ်...
ဒုတိယနှစ်ကျောင်းသူ တစ်ဦးကတော့ အခုလိုမျိုးမတ်တပ်အိမ်သာတွေကို အမျိုးသမီးတွေအနေနှင့် တဖြည်း
ဖြည်းချင်း အကျင့် ရအောင်အသုံးပြုရမယ်လို့ ဆိုပါတယ်..အစပိုင်းမှာတော့ အခက်အခဲဖြစ်နေပေမယ့် အ
ကြိမ်အနည်းငယ်ပြုလုပ်ပြီးတာနဲ့ ကျင့် သားရသွားမှာပါလို့ ဆိုခဲ့ ပါတယ်...



အသက် ၇၂ နှစ်ရှိ အငြိမ်းစားအင်ဂျင်နီယာရီဂန်လင်း....
Ye Ganlin , the 72-year-old retired senior engineer being the country’s first person to practice female standing urination.


from, kopeter
No comments:
Post a Comment