10.3.11

Trial ဆော့(ဖ)၀ဲတွေကို အချိန်အကန့်အသတ်မရှိ သုံးနိုင်ဖို့

ကျွန်တော် ဆော့(ဖ)၀ဲလေးတွေ ဒေါင်းထားတာ ရှိပေမဲ့ တချို့ ဟာတွေက ရက် ၃၀၊ ၁၄ ရက် စသည်ဖြင့် Trial ဆော့(ဖ)၀ဲလေးတွေ ဖြစ်နေလို့ အချိန်တန်ရင် ဂန့်သွားရောဗျာ။ ပြန် Install လုပ်ပေမဲ့ မရနိုင်တာ များပါတယ်။

အဲဒါကို အရင်က ကျွန်တော်ဖြေရှင်းနေတဲ့ နည်းလမ်းက အတော် လက်ဝင်ပါတယ်။ အရင်ဆုံး ကျွန်တော် Control panel ကနေ User account အသစ်တစ်ခု လုပ်တယ်။ Trial ဆော့(ဖ)၀ဲကို (For the current user only နဲ့) Install လုပ်တယ်။ အဲဒီဆော့(ဖ)၀ဲ အချိန်ပြည့်လို့ ဂန့်သွားရင် အဲဒီ User account ကို ဖျက်ပစ်တယ်။ နောက်နံမည် အသစ်တစ်မျိုးနဲ့ User account အသစ်တစ်ခု ထပ်လုပ်။ အဲဒီ ဆော့(ဖ)၀ဲကို (For the current user only နဲ့) Install ပြန်လုပ်။ ဆော့(ဖ)၀ဲလေးကို စွဲလမ်းနေလို့ဗျာ။

အခုတော့ ကျွန်တော် အဲဒီ ဒုက္ခက လွတ်မြောက်သွားပြီ။ အဲဒီ ဆော့(ဖ)၀ဲကို အဆက်ဖြတ်ပစ်လိုက်လို့ မဟုတ်ဘူးဗျ။ Trial version ဆော့(ဖ)၀ဲတွေကို အချိန်အကန့်အသတ်မရှိ သုံးလို့ရအောင် လုပ်ပေးတဲ့ Time Stopper ဆိုတဲ့ ဆော့(ဖ)၀ဲလေးတစ်ခု ရထားလို့ပါ။ (အဲဒီဟာလေးက Trial version မဟုတ်ပါဘူး)။ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) အရင်ဆုံး Time Stopper ကို ဒီနေရာလေးကို ကလစ်ပြီး ဒေါင်းပါ။ ပြီးရင် Install လုပ်ထားလိုက်ပါ။
(မရရင် ဒီမှာ နောက်ထပ် Link )
ဒီဆိုက်မှာလဲဒေါင်းလို့ရပါတယ်

(၂) ကိုယ်သုံးချင်တဲ့ Trial ဆော့(ဖ)၀ဲကို ပထမဆုံးအကြိမ် Install လုပ်ပါ။ (မူလက အင်စတော လုပ်ထားပြီး အချိန်ပြည့်သွားခဲ့တဲ့ဟာ ဆိုရင်တော့ အပေါ်မှာ ကျွန်တော် ဖော်ပြခဲ့သလို Control panel ကနေ User account တစ်ခု အသစ်ထပ်လုပ်ပြီး အင်စတော လုပ်ပါ။) Start up folder နဲ့ Desktop ပေါ်မှာ shortcut တွေမထည့် (မထည့်) ခဲ့ဖို့ သတိပြုပါ။

(၃) Time Stopper ဆော့(ဖ)၀ဲလေးကို Run လိုက်ပါ။



(၄) Browse ဆိုတဲ့ Button လေးကို နှိပ်ပြီး အင်စတော လုပ်ခဲ့တဲ့ Trial software ကိုရှာပြီး Select လုပ်ပေးပါ။ (များသောအားဖြင့် C:/Program Files ဖိုလ်ဒါထဲမှာ ရှိတတ်ပါတယ်)။

(၅) Choose the new date မှာ မနက်ဖြန်ရဲ့ ရက်စွဲကို ထည့်ပါ။

(၆) Enter a name for create desktop icon ဆိုတဲ့ အကွက်မှာ နာမည်လေးတစ်ခု ထည့်ပေးပါ။ အဲဒါက အချိန် ဆွဲဆန့်ထားတဲ့ ဆော့(ဖ)၀ဲ နာမည် ဖြစ်ပါတယ်။ (ဥပမာ- BugsExtended)

(၇) ပြီးရင် အောက်ဆုံးက Click here to create desktop shortcut ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Desktop ပေါ်မှာ Shortcut ရောက်လာပါမယ်။

(၈) အဲဒီ Shortcut လေးကို နှိပ်ပြီး Trial software လေးကို အချိန်အကန့်အသတ်မရှိ သုံးနိုင်ပါပြီဗျာ။

အရေးအကြီးဆုံး အချက်ကို မှတ်ထားပါ။ အဲဒီ Shortcut ကို မနှိပ်ပဲ မူလ Shortcut ကိုနှိပ်မိရင် တခါထဲ ဂန့်သွားပါလိမ့်မယ်။ ဒါကြောင့် Desktop ပေါ်မှာ မူလ Shortcut ရှိနေခဲ့ရင် ဖျက်ပစ်ပါ။ Start up folder ထဲမှာ Short cut ရှိနေရင် စက်စဖွင့်ဖွင့်ချင်းမှာ စက်က မူလ Shortcut ကို ဆွဲဖွင့်သွားပါတယ်။ ဒါကြောင့် Trial version software အင်စတောလုပ်ချိန်မှာ Start up folder နဲ့ Desktop ပေါ်မှာ shortcut တွေမထည့် (မထည့်) ခဲ့ဖို့ သတိပြုရပါမယ်။
ကိုးကား/

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...