2.1.12

အလုံခြုံဆုံး Gmail ရယူရန်


အခြားသူများမိမိ password ကိုသိရင်တောင် လုံးဖွင့်လို့ရမှာမဟုတ်တော့ပါဘူး
ဘာကြောင့်လဲဆိုတော့ google ကလုံခြုံရေးစနစ်တိုးမြှင့်လိုက်ပုံက မိမိအကောင့်ကို မိမိဖုန်းနံပတ်ဖြင့် စစ်ဆေးချက်တောင်းခံတဲ့အစီအစဉ်ဖြစ်ပါတယ်
လုပ်နည်းကတော့လွယ်ပါတယ်
gmail က account setting သို့သွားပါ
security က 2-step verification ကို edit လုပ်ပါ

မိမိနေထိုင်ရာနိုင်ငံရွေးပြီး code ခံ၍ မိမိတစ်ကိုယ်ရည်သုံးဖုန်းနံပတ်ထည့်ပေးပါ
ပြီးပြီးဆိုရင်တော့ မိမိ gmail အားပြန်ဝင်ကြည့်ပါ
သင့်ဖုန်းတွင်းသို့ Google မှ verify code ၆လုံးချက်ချင်း massage ၀င်လာပါလိမ့်မယ်
အရမ်းမြန်ပါတယ် မစောင့်ရပါဘူး အဲ့ဒီကုဒ်ဖြည့်ပြီးမှသာ သင့်ဂျီမေးပွင့်မှာပါ
မေးဖွင့်တိုင်း ဖုန်းအနားမှာဆောင်ထားရတော့မှာပါ။

မှတ်ချက်များ။   ။
                     မိမိစဖွင့်သောစက်မှာ မိမိစက်ဆိုလျှင် rememmber this computer for 30   days မှာအမှတ်ခြစ်ပေးခဲ့ရင်တော့ မိမိစက်မှာနောက်တစ်ခါ verify                   code  ပြန်မဖြည့်ရပါဘူး။
                     မိမိစက်မှအပအခြားမည်သည့်စက်တွင်မဆိုတစ်ခါဖွင့်တိုင်း verify code ထည့်နေပါမယ်  သို့အတွက် မိမိ password သိသူဆိုရင်တောင် မိမိဖုန်းရှိနေမှသာအကောင့် ပွင့်နိုင်တော့မှာပါ။ကမ္ဘာပေါ်တွင်မိမိနှင့် simcard တူသူနှစ်ယောက်မရှိပါ
                     နောက်တစ်ခုက G talk လဲဝင်လို့မရနိုင်ပါဘူး။မေးအသုံးများသူ အရေးကြီးဖိုင်များရှိသူတွေသာသင့်တော်ပါတယ်။
                   မလိုအပ်တဲ့အချိန် off ပြန်လုပ်ထားနိုင်ပါတယ်
                     ပြည်ကြီး(မြန်မာ)ကဖုန်းတွေ support ဖြစ်မဖြစ်တော့မပြောနိုင်ပါ

အစဉ်မပြေလိုအပ်တာများရှိရင်ပြောခဲ့နိုင်ပါတယ်....ပြောသာပြောတာပါကျွန်နော့ဘလော့က မျက်စိလည်လမ်းမှားမှသာလူသူအရောက်အပေါက်ရှိတာပါ         
တကယ်ကျေးဇူးတင်ရမှာက google ပဲရှိပါတယ်။     

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...