20.8.13

အနာဂတ်ရဲ့ all in one နည်းပညာ NFC

NFC ဆိုတာနောက်တစ်ချိန် (kfc ကြက်ကျော်လို) လူတွေတန်းတန်းစွဲနေ့စဉ်ထိတွေရမဲ့ နည်းပညာသစ်တစ်မျိုးပါ။ အရှည်ကောက်ကတော့ Near Field Communication ဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် wireless နဲ့ bluetooth နည်းပညာပုံစံဖြစ်ပြီး QR Code scanner လိုအသုံးဝင်တာပါ။
ဒါပေမဲ့သူက wireless,bluetooth တို့လောက်စွဲအားအဝေးကြီးမရပါဘူး code scanner လောက်သာအနီးကပ်လောက်ပဲရပါတယ်။ဒါကိုအားနဲချက်လို့ဆိုပေမဲ့ အားသာချက်ကဘာလဲဆိုတော့ လုံခြုံရေးဖြစ်ပါတယ်။ဒါကြောင့်လဲ ဒီနည်းပညာပေါ်အာရုံစိုက်လာရတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ထဲက nokis,sony,philips တို့စတင်အသုံးပြုခဲ့ပေမဲ့ထင်သလောက်မအောင်မြင်ခဲ့တဲ့ NFC ဟာယခုလိုမိုဘိုင်းခေတ်အရှိန်အဟုန်ရလာချိန်မှာတော့ wireless,bluetooth တို့ကိုကျော်ဖြတ်နေရာယူဖို့ဆိုင်းပြင်းနေပါပြီ။သူရဲ့အားသာချက်နဲ့ အသုံးဝင်မှုတွေကို မိုဘိုင်းစစ်ပွဲထဲမှာ ရယူမဲ့နေရာတွေကတော့သိပ်မများပါဘူး။ နည်းပညာတစ်ခုထဲကနေ ယနေ့ခေတ်မိုဘိုင်းလောကလိုအပ်ချက်တွေကို အကုန်ရယူမဲ့နေရာတွေကတော့...
ဘဏ်ကဒ်၊ဘပ်စ်ကား/ရထားစီးခများအပြင် ဈေးဝယ်ကဒ်မျိုးစုံနှင့်ငွေပေးချေမှု၊ဖိုင်ဒေတာများကူးပြောင်းမှု၊ ကုန်ပစ္စည်းများဝဒ်ဆိုဒ်များကိုအချိန်တိုထိရောက်စွာကြော်ငြာပေးနိုင်မှု၊ လုပ်ငန်းခွင်ဝင်ချိန် time card ရိုက်ပေးခြင်း၊ အလက်ထောနစ်စနစ်သုံး ကားသော့အိမ်သော့မျိုးစုံအတွက် ဖုန်းဖြင့် scan ဖတ်ပြီးသော့အဖြစ်အသုံးပြုနိုင်ခြင်း စသောအသုံးဝင်နေရာများအပြင်ဒီထက်များစွာ ပိုတဲ့နေရာတွေမှာဝင်ရောက်နေရာယူလာမှာဖြစ်ပါတယ်။တစ်နည်းအားဖြင့်မိမိဖုန်းတစ်လုံးပျောက်တာနဲ့ ဘ၀ဆုံးမဲ့နည်းပညာလဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း(လက်ညောင်းစွာဖြင့်)တင်ပြအပ်ပါတယ်။

ဂျွန်ကိုလတ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...