2.9.13

Frozen Keyboard update မတောင်းပဲသုံးနိုင်အောင်

Frozen Keyboard Pro ကို ၁.၉.၁၃ မှစပြီuးpdate မပေးတော့ပဲ အပြင်မှာဝယ်သုံးရတော့မှာပါ။ မှန်ပါတယ်မူရင်းတီတွင်ကြံဆသူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အားပေးသင့်ပါတယ်။ ဒါပေမဲ့ ၀ယ်ဖို့အစဉ်မပြေသူ၊ ဗာရှင်း အဟောင်းကိုမှနှစ်သက်သူတွေအတွက်ပြန်တင်ပေးတာပါ။ ဆော့ဝဲပိုင်ရှင်တွေဘက်ကကြည့်ရင်တော့  ဥပဒေအပြင်က ဖြစ်ပေမဲ့ ဒါကခိုးသုံးတာမဟုတ်ပါဘူး။ ဆော့ဝဲပိုင်ရှင်များကိုယ်တိုင် အရင်က free စမ်းသုံးခွင့်ပေးထားတဲ့ ဗားရှင်းအဟောင်းလေးပါ။ နောက်ပြီး ကျွန်နော်လုပ်ပေးခဲ့သမျှဖုန်းတိုင်း ဒီအဟောင်းလေးပဲထည့်ပေးနေကျမို့လို့ပါ။ ဘာလို့လဲဆိုရင် Frozen Keyboard Pro ထည့်ပေးသမျှဖုန်းတိုင်း update တောင်းနေလို့ စာရိုက်လို့မရပါဘူး။ pro မဟုတ်တဲ့ ဒီဗားရှင်း အဟောင်းကတော့ ကိုယ်တွေနဲ့လက်သားကျနေတာရော စာလုံးတွေအားလုံးအစဉ်ပြေနေလို့ပါ။ အခုနာမည်ကြီးတဲ့ ပုဂံကီးဘုတ်တောင်ဒီလောက်အစဉ်မပြောပါဘူး။အဲနဲနဲဖြည့်ပြောချင်တာက လက်ကွက်ကရိုက်ရင် ရှေ့နောက်လွဲနေတယ်လို့ပြောနေကြတာ အမှန်ကမဟုတ်ပါဘူး လက်ကွက်ကလွဲနေတာမဟုတ်ပါဘူး ဖုန်းရဲ့ root assess မမှန်လို့ဖြစ်ပါလိမ့်မယ်။ ကျွန်နော်ထည့်ပေးနေတဲ့ဖုန်းတိုင်း ယနေ့ S4 မော်ဒယ်အထိဒီကီးဘုတ်ပဲထည့်ပေးနေတာပါ။ ဖုန်းအတွင်းမြန်မာစာအကုန်မှန်တယ်၊ဖေ့ဘွတ်အကုန်မှန်တယ်၊ android 4.0 နဲ့  4.2 တွေကတော့ browser မှာ(ေ)(_်) ပဲရှေ့နောက်လွဲတာပါ။
ကဲလျှာမရှည်တော့ပါဘူးလိုချင်ရင် ဒီမှာ ဒေါင်းလိုက်ပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...