NFC ဆိုတာနောက်တစ်ချိန် (kfc ကြက်ကျော်လို) လူတွေတန်းတန်းစွဲနေ့စဉ်ထိတွေရမဲ့ နည်းပညာသစ်တစ်မျိုးပါ။ အရှည်ကောက်ကတော့ Near Field Communication ဖြစ်ပါတယ်။
ရှင်းအောင်ပြောရရင် wireless နဲ့ bluetooth နည်းပညာပုံစံဖြစ်ပြီး QR Code scanner လိုအသုံးဝင်တာပါ။
ဒါပေမဲ့သူက wireless,bluetooth တို့လောက်စွဲအားအဝေးကြီးမရပါဘူး code scanner လောက်သာအနီးကပ်လောက်ပဲရပါတယ်။ဒါကိုအားနဲချက်လို့ဆိုပေမဲ့ အားသာချက်ကဘာလဲဆိုတော့ လုံခြုံရေးဖြစ်ပါတယ်။ဒါကြောင့်လဲ ဒီနည်းပညာပေါ်အာရုံစိုက်လာရတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ထဲက nokis,sony,philips တို့စတင်အသုံးပြုခဲ့ပေမဲ့ထင်သလောက်မအောင်မြင်ခဲ့တဲ့ NFC ဟာယခုလိုမိုဘိုင်းခေတ်အရှိန်အဟုန်ရလာချိန်မှာတော့ wireless,bluetooth တို့ကိုကျော်ဖြတ်နေရာယူဖို့ဆိုင်းပြင်းနေပါပြီ။သူရဲ့အားသာချက်နဲ့ အသုံးဝင်မှုတွေကို မိုဘိုင်းစစ်ပွဲထဲမှာ ရယူမဲ့နေရာတွေကတော့သိပ်မများပါဘူး။ နည်းပညာတစ်ခုထဲကနေ ယနေ့ခေတ်မိုဘိုင်းလောကလိုအပ်ချက်တွေကို အကုန်ရယူမဲ့နေရာတွေကတော့...
ဘဏ်ကဒ်၊ဘပ်စ်ကား/ရထားစီးခများအပြင် ဈေးဝယ်ကဒ်မျိုးစုံနှင့်ငွေပေးချေမှု၊ဖိုင်ဒေတာများကူးပြောင်းမှု၊ ကုန်ပစ္စည်းများဝဒ်ဆိုဒ်များကိုအချိန်တိုထိရောက်စွာကြော်ငြာပေးနိုင်မှု၊ လုပ်ငန်းခွင်ဝင်ချိန် time card ရိုက်ပေးခြင်း၊ အလက်ထောနစ်စနစ်သုံး ကားသော့အိမ်သော့မျိုးစုံအတွက် ဖုန်းဖြင့် scan ဖတ်ပြီးသော့အဖြစ်အသုံးပြုနိုင်ခြင်း စသောအသုံးဝင်နေရာများအပြင်ဒီထက်များစွာ ပိုတဲ့နေရာတွေမှာဝင်ရောက်နေရာယူလာမှာဖြစ်ပါတယ်။တစ်နည်းအားဖြင့်မိမိဖုန်းတစ်လုံးပျောက်တာနဲ့ ဘ၀ဆုံးမဲ့နည်းပညာလဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း(လက်ညောင်းစွာဖြင့်)တင်ပြအပ်ပါတယ်။
ဂျွန်ကိုလတ်
No comments:
Post a Comment